Wednesday, November 17, 2010

လွင့်မျောနေသော တိမ်တိုက်များ(သို့)မသိကိန်းတစ်ခု၏၀တ္တု(၂)

သူ လမ်းလျှောက်ထွက်နေစဉ်မှာပဲ ကောင်းကင်ရှိ နေ က တော်တော်ပူလောင်နေပြီ။ပူလောင် မှု့က လူရဲ့အပေါ်ယံလွာ အရေပြားတွင်မက အတွင်းစိတ်တွေပါ လောင်ကျွမ်းနေတယ်။သူ သွားနေသော နေရာသည် ဘယ်လိုနေရာလဲ၊ပူလောင်မှု့တွေ ဝေးကွာနေသော နေရာလား၊မီးများ နဲ့ ကင်းဝေးရာနေရာလား၊လောကကြီးနဲ့ ဝေးရာသို့လား၊တောနက်ကြီးတစ်ခုလား၊သူ ကိုယ်တိုင်လဲ မသိနိုင်ပါဘူး၊ဌက်တွေ ကောင်းကင်တွင် ပျံသန်းနေသည်၊သူ့ ဘ၀ ကလဲ ထိုဌက်တွေလို ဖြစ်ချင်သည်၊လေဟုန် စီးရင်း ကောင်းကင် ယံတွင် ပျံသန်းဖို့ပေါ့၊တိမ်တိုက်တွေ လွင့်မျောနေသည်၊လေနှင်ရာကို ပဲပေါ့၊ထို တိမ်တိုက်တွေထဲတွင် ရေခိုးရေငွေ့များပါသည်၊ရေခိုးရေငွေ့မှ မိုးတိမ်တိုက်တွေ အဖြစ် မိုးများရွာသွန်းသည်။သူ သည် တိမ်တိုက်တွေကို စိတ်ဝင်စားသည်၊သဘာဝတရားကို နှစ်သက်သည်၊တိမ်တိုက်တွေလို ဘ၀ကို လွင့်မျောနေသည်။သူ့တွင် ရှိသော စိတ်ကူးမှာ တိမ်တိုက်တွေထဲ ပျော်ဝင်နေရန်ဖြစ်သည်။သူ့ အေးအေးလူလူပဲ လမ်းဆက်လျှောက်နေသည်။သူ့တွင် ခရီးဆောင်အိတ်တစ်လုံးမရှိ၊မျှော်လင့်ခြင်းတွေ၊စိတ်ကူးတွေ၊အနာဂတ်တွေ ခေါက်သိမ်းရန်တော့ ကျောပိုးအိတ်တစ်လုံးသာရှိသည်။သူ့တွင် Computer Laptop တစ်လုံးမရှိ၊တစ်ခုခုကို လုပ်သင့်၊မလုပ်သင့် စဉ်းစားတက်သော ဦးနှောက်၊အမှား၊အမှန် သိတက်တော့ စဉ်းစား ဥာဏ်တော့ ရှိသည်။သူ့တွင် နားထောင်စရာ MP3,MP4,MP5 မရှိ၊ဂီတ၊သံစဉ်ကို ခံစားတက်သော နှလုံးသားနှင့် နား တော့ရှိသည်။သူ့တွင် ကြည့်စရာ တီဗွီ မရှိ၊သဘာဝတရားကို ကြည့်တက်သော၊အနုပညာကို ခံစားတက်သော မျက်စိတော့ရှိသည်။သူ့တွင် ကားတစ်စီးမရှိ၊ဖုန်းတစ်လုံးမရှိ၊ကိုယ့် ဘ၀ကို ကိုယ် ထုဆစ်တက်သော ခြေနှင့် လက်တော့ ရှိသည်။သူ့တွင် မရှိသော အရာများ မှာ များပြားသည်ဟု သူထင်သည်။ဘာပဲပြောပြောပါမရှိတာကိုတွေ ကို သူမသိခြင်းသည် သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော ရောင့်ရဲမှု့တစ်ခုပင်။သူ လမ်းလျှောက်ရင်း ရောက်လာသော နေရာသည် ဘူတာတစ်ခု ဖြစ်သည်။ဘူတာတွင် ဈေးသည်များ အော်ဟစ်စွာ ဈေးရောင်းနေကြသည်။ကူလီ ထမ်းသော လူတွေက ကူလီထမ်းနေသည်။ရှေ့နားက ထိုင်ခုံတွင် လူဝကြီးတစ်ယောက် အိပ်ပျော်နေသည်။ကလေးတစ်သိုက် ဆူညံနေကြသည်။မကြာမီ ရထားတစ်စင်းဘူတာသို့ ရောက်ရှိကြသည်။ခရီးသည်များ ဆင်းလာကြသည်။တက်သူများ တက်သွားကြသည်။သူလဲ အပါအ၀င်ပေါ့။ဘ၀ဆို တာ ရထားတစ်စင်းလိုပါပဲ၊သံသရာ ခရီးတွင် မောင်းနှင်ရင်း ကျန်ခဲ့တဲ့ သူကျန်ခဲ့ တက်သွားတက်သူ တက်သွား၊မရပ်မနား ခရီးဆက်နေသည်။လောက အကြောင်း၊ဘ၀ အကြောင်း စဉ်းစားရင်း ရထားပေါ်တွင် သူအိပ်ပျော်သွားသည်။အဝေးက မိုးကောင်းကင်ထဲတွင် တိမ်တိုက်များ လွင့်မျောနေသည်။ထို တိမ်တိုက်တွေထဲ သူ နစ်မျောနေရင်း မဆုံးသေးသော အိပ်မက်များမက်နေပါတော့သည်။