မနေ့က အိပ်တာ အိပ်မက်မက်တယ်
ညက ထမင်းစားတာ တော်တော် များသွားတယ်
ငါ ကိုယ်ငါ သိတာ တွေကို၊မသိတာတွေကို
စဉ်းစားကြည့်ရင် ဘ၀ ဟာ အရက်ခွက် တစ်ခွက် လောက်တောင်
သောက်လို့ မကောင်းဘူး။
ခင်ဗျား သိမှာပါ
နေ့နဲ့ ည သာ မပြောင်းလဲရင်
နောက်တစ်ရက်၊နောက်တစ်လ၊နောက်တစ်နှစ်၊နောက်ဘ၀၊နောင် သံသရာ ဆိုတာ
ဖြစ်လာချင်မှ ဖြစ်လာမှာ...
ဆုံးပါးခြင်း ဟာ အရေးပေါ်ကားတစ်စီးနဲ့ ရောက်လာပြီး....
သံဝေဂ ယပ်တောင်တွေ ကမ်းလှမ်းနေတယ်။
ဟူး.....
သက်ပြင်းချသံက တော်တော် ရှည်တယ်။
ရှည်မှာပေါ့..
ငါ ကိုယ်တိုင်က လည်း..
အတ္တ ဆိုတဲ့ ဥခွံ ထဲက ပေါက်ဖွားလာတာကိုး..
မနက်ဖြန် ဆိုတာ ဒီနေ့ ကဖြစ်လာတာနော်
အတိတ်ဆိုတာ ပြန်ကြည့်ရင်...
ကြည်နူးစရာ၊လွမ်းဆွတ်ဖွယ်ရာ၊၀မ်းနည်းဖွယ်ရာတွေ က
မိုးဦးကျ မှိုတွေလိုပဲ တော်တော် ပေါတာနော်။
တော်ပြီဗျာ
ခင်ဗျားတို့ သိချင်သိ၊မသိချင်နေဗျာ
တြိဂံလို ရာသီဥတုတွေက တော့
လည်ပတ်နေမှာပဲ။